Quality Service & Experience

အရည်အသွေးပြည့် (Quality) ပစ္စည်းတစ်ခုထုတ်လုပ်ဖို့ဆိုတာ နည်းပညာ (Technic) စက်ယန္တယား (Machine) နဲ့ပြည့်ဝတဲ့ အတွေ့အကြုံ (Experience) တို့အမှန်တကယ်လိုအပ်မှာဖြစ်ပါတယ်။ GOLDEN MYANMAR Decoration လုပ်ငန်းကို စင်္ကာပူနှင့် မလေးရှားနိုင်ငံတို့တွင် နှစ်ပေါင်းများစွာ Decorate ပညာရပ်များကို သင်ယူခဲ့ပြီး လက်တွေ့လုပ်ကိုင်ခဲ့သောဝါရင့် Decorator များဖြင့် ဖွဲ့စည်းတည်ထောင်ထားပြီး၊ အရည်အသွေးမြင့်ပစ္စည်းများကို ဈေးနှုန်းမှန်ကန်စွာဖြင့်ထုတ်လုပ် တပ်ဆင်ပေးနေကြောင်း သတင်းကောင်းပါးအပ်ပါသည်။ လူကြီးမင်းတို့၏ ရုံးခန်း၊ ဆိုင်ခန်း၊ အိမ်ခန်းများအား အတွင်းပိုင်းပြင်ဆင်မှုများ ပြုလုပ်လိုက်ပါက ကျွန်တော်တို့ Golden Myanmar (Interior Medern Decoration) မှ တာဝန်ယူဆောင်ရွက်ပေးပါရစေ။

လူကြီးမင်းတို့အနေဖြင့် ကျွန်တော်တို့ Golden Myanmar နှင့် Decoration များ အပ်နှံပြုလုပ်မည်ဆိုပါက

  • Interior Decoration များအတွက် Customer များမှအပ်နှံမှာယူသော ကုန်ပစ္စည်းအမျိုးအစားပေါ် မူတည် ၍ (၁)နှစ်မှ (၃)နှစ် အထိ အာမခံပေးခြင်း။
  • Design ပညာရှင်များမှ Customer များစိတ်တိုင်းကျ ဦးစွာ Design ရေးဆွဲပုံဖော်ပေးပြီး၊ Design အတည်ဖြစ်ပါကအသုံးပြု့မည့် ကုန်ကြမ်းပစ္စည်း၏နမူနာများကို Customer များအားရှင်းလင်းပြသပြီးမှ သေချာစွာပြုလုပ်ပေးခြင်း။
  • မြို့တွင်း၊ နယ်ဝေး မည်သည့်နေရာသို့မဆို ဝန်ဆောင်မှုပေးနိုင်ခြင်း။
  • ပြည်တွင်း၊ ပြည်ပ မှမည်သည့် ကုန်ကြမ်းပစ္စည်းအမျိုးအစားနှင့်မဆို အသုံးပြုဆောင်ရွက်ပေးနိုင်ခြင်း။
  • ဈေးနှုန်းတိကျမှန်ကန်ချိုသာခြင်း၊ စသည့်ဝန်ဆောင်မှုများဖြင့် စနစ်တကျ၊ သေသပ်၊ တိကျစွာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

Decoration များအပ်နှံပြုလုပ်ရာမှာ Customer အတွက်အရေးကြီးဆုံးက မိမိအပ်နှံလိုက်တဲ့ ကုမ္ပဏီအပေါ် ဘယ်အတိုင်းအတာထိ ယုံကြည်စိတ်ချနိုင်မလဲဆိုတာပဲဖြစ်ပါတယ်။ Customer များအနေနှင့်တော့ မိမိရဲ့ အိမ်ခန်း၊ ရုံးခန်း၊ ဆိုင်ခန်း အစရှိတဲ့ပစ္စည်းတွေကို Decoration ပြုလုပ်မည်ဆိုလျှင် အကောင်းဆုံးလိုချင်ကြမှာပဲ။ အလှဆုံးလဲ ဖြစ်ချင်တယ်။ ခမ်းနားခြင်းတွေလဲ ပါဝင်ရမယ်။ စမတ်ကျကျသပ်သပ်ရပ်ရပ်နဲ့ ပြီးဆုံးသွားတာကိုလဲလိုချင်ကြတာပါပဲ။ အဲဒါတွေအပြင် ဈေးနှုန်းကရော် သင့်တင့် မှန်ကန်တဲ့ဈေးနှုန်းဖြစ်ရဲ့လား ဒါကိုလဲစဉ်းစားကြရမှာပါ။ ဥပမာ - ဆိုင်ခန်း (သို့) အိမ်ခန်းတစ်ခုကို Decoration ပြုလုပ်ဖို့အပ်နှံ လိုက်ပြီဆိုပါစို့ မိမိအပ်နှံလိုက်တဲ့ ကုမ္ပဏီအပေါ် ဘယ်အတိုင်းအတာထိယုံကြည် စိတ်ချရနိုင်မလဲ၊ ထုတ်လုပ်တဲ့ကုန်ပစ္စည်းအပေါ်မှာရော တာဝန်ယူနိုင်ရဲ့လား၊ ဈေးနှုန်းကရော မှန်ကန်သေချာရဲ့လား၊ ကိုယ်မျှော်လင့်ထားတာကတစ်မျိုး သူတို့ပြုလုပ်ပေးလိုက်တာကတစ်မျိုးဖြစ်နေမလား စသည်ဖြင့်လည်း Customer များအနေနဲ့တွေးမိမှာပါ။

လူကြီးမင်းတို့အနေဖြင့် Interior Decoration များနှင့် Furniture များအတွက် ထိုကဲ့သို့သော အဆင်မပြေမူ့များနှင့် ကြုံတွေ့နေခဲ့ရသည်ဆိုလျှင် တာဝန်ယူခြင်း၊ အာမခံခြင်းများရှိသော ကျွန်တော်တို့ Golden Myanmar ကိုသာအမြန်ဆုံးဆက်သွယ်လိုက်ပါ။ ကျွန်တော်တို့ Golden Myanmar မှ Customer များရဲ့ လိုအပ်ချက်များကို ခံစားနားလည်ပေးနိုင်ပြီး Customer များ စိတ်တိုင်းကျဆောင်ရွက်ပေးနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ ကျွန်တော်တို့ Golden Myanmar Co.,Ltd အား စင်္ကာပူ နှင့် မလေးရှား နိုင်ငံတွင် သွားရောက်ပြီး Decorate ပညာရပ်များအား နှစ်ပေါင်းများစွာ လေ့လာသင်ယူ လက်တွေ့လုပ်ကိုင်ခဲ့သော ဝါရင့် Decorator များဖြင့် ဖွဲ့စည်းတည်ထောင်ထားခြင်းကြောင့် Decoration နဲ့ပတ်သက်တဲ့မည်သည့်အခန်း ကဏ္ဍအတွက်မဆို လုံးဝ ယုံကြည်စိတ်ချနိုင်ပါတယ်။

Golden Myanmar မှထုတ်လုပ်ထားသော မည်သည့်ကုန်ပစ္စည်းအမျိုးအစားကိုမဆို ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး (၁)နှစ် မှ (၃)နှစ် အထိအာမခံတွေရှိတဲ့အတွက်ကြောင့် အရည်အသွေးပိုင်းကိုလည်းအပြည့်အဝ စိတ်ချရမှာဖြစ်ပါတယ်။ Golden Myanmar မှ Customer များအားစိတ်တိုင်းကျ စေရန်ရည်ရွယ်၍ အသုံးပြုမည့်ကုန်ကြမ်းပစ္စည်းအမျိုးအစားများကိုလည်း Customer များအားသေချာစွာ ရှင်းပြပြီးမှ Customer၏ ရွေးချယ်မှုကိုသာအသုံးပြုပေးမှာဖြစ်ပါယ်။ ဈေးနှုန်းကိုလည်း အသင့်တော်ဆုံးနှုန်းထားများဖြင့်သာ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ Golden Myanmar မှလူကြီးမင်းတို့အား ဝန်ဆောင်မူ့ အပြည့်အဝ ပေးနိုင်ခြင်းဖြင့် ဂုဏ်ယူလိုပါတယ်။

လူကြီးမင်းတို့၏ ယုံကြည်အားထားမူ့ဟာ ကျွန်တော်တို့ Golden Myanmar ရဲ့အမှန်တကယ် အောင်မြင်မူ့လို့ ခံယူထားပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။